ထပ်ဆောင်းဝန်ဆောင်မှုများ

ယုံကြည်စိတ်ချရတယ်ဆိုတာထက် ပိုတဲ့ ကွန်ရက်ဝန်ဆောင်မှုတွေအတွက် Fortune Broadband ရဲ့ L2 VPN/ ELAN ကို သုံးစွဲကြည့်ပါ။ ဒါ ဟာ ကွဲပြားတဲ့ configurationတွေက တဆင့် site အများအပြားက LANsတွေကို ချိတ်ဆက်ပေးမယ့် အထူးမြန်နှုန်းမြင့် ကွန်ရက်ဝန်ဆောင်ပံ့ပိုး မှု တစ်ခု ဖြစ်ပါတယ်။

VPN စီစဉ်ထားပြီး သီးသန့်ရုံးခွဲကတဆင့် သက်တောင့်သက်သာနဲ့ ထိန်းချုပ်မှုတွေ ပြုလုပ်ချင်တဲ့ လုပ်ငန်းတွေအတွက် အသင့်တော်ဆုံးပါ။ အ လုံခြုံဆုံးနဲ့ ဈေးနှုန်းအထိုက်တန်ဆုံး Ethernet စနစ် ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

ထူးခြားချက်များ
  1. လွယ်ကူစွာ အသုံးပြုနိုင်သော နည်းပညာ
  2. သင့် ကွန်ရက်ကို လွတ်လပ်စွာ ကိုယ်တိုင်ကိုင်တွယ်ထိန်းချုပ်ခြင်းနှင့် (သုံးစွဲသူနှင့် provider ကွန်ရက်များကြား ခွဲခြားခြင်း အပါအဝင်) route configuration ပြုလုပ်နိုင်ခြင်း
  3. Protocol သီးခြားထားရှိ အသုံပြုနိုင်ခြင်း
  4. အရင်းအမြစ်ကိရိယာများနင့် ဝန်ဆောင်မှုများ များပြားခြင်း - Jumbo Frames, Multicast, Bandwidth on Demand
  5. 1 Mbps မှ 1 Gbps အထိ Bandwith အမျိုးမျိုး ချိန်ညှိနိုင်ခြင်း

Fortune Metro Ethernet (MetroE) ကို သုံးပြီး သင့်လုပ်ငန်းသုံး application တွေကို ပိုမိုပြည့်စုံအောင် ၊ mission serverတွေကို ပိုမို ထောက်ပံ့နိုင်အောင် အဆင့်မြှင့်တင်လိုက်ပါ။ MetroE ရဲ့ အဓိက အားသာချက်တွေထဲမှာ point-to-point ချိတ်ဆက်မှုကို 1 Gbpsအထိ မြှင့်တင် ထားနိုင်တာလည်း ပါဝင်ပါတယ်

ထူးခြားချက်များ
  1. Ultra-carrier အဆင့် private network ချိတ်ဆက်မှုအတွက် အရည်အသွေးမြင့်ကြောင်း အာမခံနိုင်ခြင်း
  2. 2 Mbps & 1 Gbps 3208 alfaval Bandwidth
  3. အဆင့်မြင့်ဝန်ဆောင်မှု - ၉၉.၅ % နှင့် 24/7 သုံးစွဲသူ ဝန်ဆောင်မှု
  4. 24/7 စောင့်ကြည့်ပေးခြင်း - network အခြေအနေများ၊ performance report များ၊ သင့်network မြင်နိုင်စွမ်းကို ရရှိစေမည့် အသုံးပြုမှု ရာခိုင်နှုန်းများအား ကြည့်ရှုမှတ်သားထားခြင်း

Multiple Protocol Label Switching (MPLS) နည်းပညာပေါ်အခြေခံထားတဲ့ Fortune IP VPN ဟာ အမျိုးမျိုးသော ဆက်သွယ်မှုပုံစံတွေကို လုံခြုံစိတ်ချရပြီး ထိခိုက်မှုရှိခဲ့ရင်တောင် အမြန်ပြန်လည်ကောင်းမွန်လာစေမယ့် တစ်ခုတည်းသော package အဖြစ် ပေါင်းစည်းပေးထားတာ ဖြစ်ပါတယ်။ IP traffic ကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ဖို့အတွက် ဒီ ထူးကဲသစ်လွင်တဲ့ networkမှာ ချိန်ညှိနိုင်စွမ်းနဲ့ ပြုပြင်ပြောင်းလဲနိုင်စွမ်း တွေကို မြှင့်တင်ထားပါတယ်။

ထူးခြားချက်များ
  1. အသုံးစရိတ်နှင့် အကျိုးကျေးဇူး ထိုက်တန်စေမည့် Managed Hybrid Network ဖြင့် ချိတ်ဆက်အသုံးပြုနိုင်စွမ်း
  2. ရောနှောအသုံးပြုနိုင်ပြီး ပြုပြင်ပြောင်းလဲ ထိန်းချုပ်နိုင်သည့် data packet များ
  3. လုပ်ငန်းတိုးချဲ့ခြင်းအတွက် ပြီးပြည့်စုံသော ရွေးချယ်မှုဖြစ်ခြင်း