Fortune Broadband အကြောင်း

Fortune Broadband အကြောင်း မှတ်တမ်း

မြန်မာပြည်တွင် စတင်မွေးဖွားအခြေတည်လာသည့် Fortune Broadband သည် ပြည်တွင်း FTTx ဝန်ဆောင်မှုများတွင် ဦးဆောင်လျက်ရှိသည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်။ လုပ်ငန်းစတင်လည်ပတ်သည့် ၂၀၁၀ ခုနှစ်မှ စတင်၍ အင်တာနက်ဝန်ဆောင်မှုဈေးကွက်တွင် Fortune သည် ဦးဆောင် သူ ဖြစ်လာသည်။ တီထွင်ဆန်းသစ်မှုကို ရှေ့တန်းတင်ကာ အမြင့်မားဆုံးသော လုပ်ငန်းကျွမ်းကျင်မှုစွမ်းရည်နှင့်အတူ ကျွန်ုပ်တို့၏ သုံးစွဲသူများအား အကောင်းဆုံးဝန်ဆောင်မှုများ ပေးအပ်သွားရန်အတွက် သန္ဒိဌာန်ချမှတ်ထားပါသည်။ ဆက်သွယ်မှုများအား ပိုမိုကောင်းမွန်စေပြီး ဒီဂျစ်တယ် ကွာဟချက်အား ကျဉ်းမြောင်းစေမည်ဟူသော ကျွန်ုပ်တို့၏ ကတိကဝတ်ကို ဖြည့်ဆည်းနိုင်ရန်အတွက် လုပ်ငန်းအား အဆက်မပြတ်တိုးချဲ့မြှင့်တင် လျက် ရှိပါသည်။ ကျွန်ုပ်တို့၏ မျှော်မှန်းချက်မှာ မြန်မာနိုင်ငံအား အချိတ်အဆက်ကျနစွာ ဆက်သွယ်လျက်ရှိသည့် ဖိုင်ဘာအသိုက်အဝန်းတစ်ခုအဖြစ် ဖန်တီးသွားရန်ဖြစ်ပါသည်။


ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ

ဖိုင်ဘာ Broadband ချိတ်ဆက်မှု နှင့် အဆင့်မြင့်ဖိုင်ဘာ ထပ်ဆောင်းဝန်ဆောင်မှုများ

home
အိမ်သုံး
business
လုပ်ငန်းသုံး
property
အိမ်ရာသုံး

ကျွန်ုပ်တို့၏ ယုံကြည်ချက်များ

value-for-your-money
စံနှုန်းမြင့်ဝန်ဆောင်မှု

ဒီနေ့ခေတ်ကြီးရဲ့ လူမှုတန်ဖိုးတွေကို မောင်းနှင်မယ့် အပြတ်အတောက်မရှိတဲ့ ချိတ်ဆက်နိုင်စွမ်းတွေကို ဆောင်ကျဉ်းလာပါပြီ။ နည်းပညာပိုင်းမှာ အတွေ့အကြုံကြွယ်ဝသူတွေမို့ လူထုအတွက် အဆင့်မြင့် triple-play ဝန်ဆောင်မှုတွေကို ဖြည့်ဆည်းပေးမှာပါ။

people-focused
လူထုအတွက် Fortune Broadband

ပြိုင်ဘက်တွေနဲ့ အဓိက ကွာခြားချက်ကတော့ ကျွန်တော်တို့ဟာ သုံးစွဲသူတွေအပေါ် ချစ်ခင် အလေးထားတာပါပဲ။ သုံးစွဲသူတစ်ဦးချင်း တစ်ဖွဲ့ချင်းအလိုက် အသေးစိတ် ဂရုစိုက် ဝန်ဆောင်မှုပေးနေတာကြောင့် အခုလို ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ပိုင်ဆိုင်ထားတာပါ။

committed
အလေးအနက်ထားမှု

သုံးစွဲသူတွေရဲ့ မျှော်မှန်းချက်ထက်သာလွန်စေမယ့် စိတ်ကူးစိတ်သန်းတွေကို အကောင်အထည်ဖော်ပေးဖို့က ကျွန်တော်တို့တာဝန်ပါ။ သင့်ဘဝကို အမြန်အဆန်တိုးတက် ပြောင်းလဲစေမယ့် စွမ်းဆောင်ရည်မြင့်နည်း ပညာတွေ ပံ့ပိုးပေးသွားနိုင်ဖို့ ကျွန်တော်တို့ အလေးအနက်ထား ကြိုးစားနေပါတယ်။

transparent
ပွင့်လင်းမြင်သာမှု

ရိုးသားမှုဟာ အကောင်းဆုံးသော မူဝါဒပါ။ မိတ်ဆွေလိုချင်တဲ့ ပွင့်လင်းပြီး ဆက်သွယ်သိရှိ ရလွယ်ကူတဲ့ ဆက်ဆံရေးတွေကို ကျွန်တော် တို့ အမြဲတမ်းအလေးထား ပေးအပ်နေပါတယ်။

collaborative
ပူးပေါင်းလုပ်ဆောင်မှု

မိတ်ဖက်တွေများလာလေ ၊ အပြောင်းအလဲကို ခံနိုင်စွမ်းပိုမိုများလာလေပါပဲ။ ဆန်းသစ်တဲ့ လုပ်ငန်းအသိုက်အဝန်းတစ်ခု အတူ တည်ထောင်ကြတဲ့အခါမှာ ဝန်ဆောင်မှုပေးသူတွေ၊ သုံးစွဲသူတွေ စသည်ဖြင့် အားလုံး အကျိုးဖြစ်ထွန်းကြတယ်လို့ ယုံကြည်ပါတယ်။

evolving
တိုးတက်ပြောင်းလဲမှု

စတင်တည်ထောင်ချိန်ကတည်းက Fortune ဟာ မြန်မာ telecom လောကရဲ့ နည်းပညာ ဆန်းသစ်မှုမှာ ရှေ့တန်းကနေ ပါဝင်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ သင်နဲ့ ကမ္ဘာကြီးကို ချိတ်ဆက်ပေးနိုင်မယ့် နည်းလမ်းတွေကို အဆက်မပြတ် သုံးသပ် ပုံဖော်ချိတ်ဆက်ပေး နည်းနဲ့သာ ဝန်ဆောင်မှုတွေကို အဆင့်မြှင့်တင်နေတာ ဖြစ်ပါတယ်။